ရွာတစ်ရွာကိုလူတစ်ဦးရောက်လာပါတယ်။တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလိုရေကြည်ရာမြက်နုရာရွေ့ပြောင်းအခြေချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ရွာသူကြီးနဲ့သွားရောက်တွေဆုံပြီးသူဒီရွာမှာလာရောက်အခြေချလိုကြောင်းပြောပါတယ်။
ရွာသူကြီး။ ။ကျုပ်တို့ရွာကလူသစ်များကိုကြိုဆိုပါတယ်။အခြေချလာရောက်လိုတဲ့လူသစ်တွေအတွက်အထူးအခွင့် အရေးအနေနဲ့ရွာအပြင်ဘက်မှာလုပ်ကိုင်စားသောက်ဖို့မြေကွက်ပါအလကားပေးပါတယ်
လူသစ် ။ ။ဝမ်းသာလိုက်တာဗျာ၊ ဟန်ကျတာပေါ့ ကျွန်တော့်ကိုနေရာလေးပြပေးပါလားဗျာ။
ရွာသူကြီး။ ။ ခင်ဗျားအလိုရှိသလောက်မြေနေရာကိုကျုပ်တို့ပေးနိုင်ပါတယ်၊ လိုသလောက်ပေါ့ဗျာ။
လိုသလောက်မြေကိုခင်ဗျားပတ်ပြေးရမယ်စပြေးတဲနေရာကိုဒီနေ့နေမ၀င်ခင်ပြန်ရောက်ရင်ပြီးတာပါပဲ။
အဲဒါခင်ဗျားအပိုင်ပဲ
လူသစ် ။ ။ဝမ်းသာလိုက်တာဗျာ၊ကျွန်တော့်ကိုစရမယ့်နေရာသာပြပေးပါ။
ရွာသူကြီး။ ။ ရော့ဒီမှာ . . .ခင်ဗျားဘယ်လောက်ဝေးဝေးပြေးခဲ့သလဲဆိုတာမှတ်သားဖို့ငုတ်တိုင်
ဒီလိုနဲ့အဲဒီလူဟာအချိန်မဆိုင်းပဲစတင်ပြေးပါတော့တယ် သူ့အတွက်အခွင့်အရေးပဲမဟုတ်လား။အစတုံးကတော့သူ့အတွက်လုပ်ကိုင် စားသောက်ဖို့နေရာကလေးရင်တော်ပြီဆိုတဲ့အတွေးကလေးနဲ့ပါပဲ။ ပြေးရင်းနဲ့သူကစဉ်းစားပါတယ်အချိန်တွေလည်းရှိသေးတာပဲနဲနဲလောက်
ပိုပြေးလိုက်ပါအုံးမယ်မြေနေရာလေးကျယ်ကျယ်ပြန့်ပြန့်လေးလုပ်ကိုင်စားသောက်ရတာပေါ့။အတန်ကြာတော့လှည့်ကြည့်ပါသေးတယ်ရွာစွန်ကလူအုပ်ကိုမြင်နေရတုံးပဲပြန်လှည့်ရင်ကောင်းမလားပေါ့ ။နေကိုကြည့်ရင်းစဉ်းစားပြန်ပါတယ်နေ၀င်ဖို့လိုသေးတာပဲရှေ့ကမြေတွေကလည်း မဆုံးနိုင်အောင်ကျယ်ပြန့်နေပြီးမြေသြဇာကောင်းမယ့်ပုံပဲနေမ၀င်ခင်ပြန်ရောက်ရင်ပြီးတာပဲ။ ဒီလိုနဲ့စဉ်းစားလိုက်ပြေးလိုက်ပေါ့။လောဘကဦးစီး လာတော့သူ့ကိုသူတော်တော်မောပန်းနေပြီဆိုတာကိုတောင်မသိတော့ပါဘူး ငါရပါသေးတယ်ပေါ့။
ရွာကလူအုပ်ကြီးနဲ့ရွာသူကြီးကရွာထိပ်မှာနေ၀င်တဲ့အထိစောင့်ဆိုင်းနေပါသေးတယ်။
နောက်တနေ့မနက်ရွာသူကြီးနဲ့ရွာသားတစ်ချို့ကလိုက်ရှာတော့ရွာနဲ့တော်တော်ဝေးဝေးတောတန်းကလေးအနီမှာ၏ငုတ်တိုင်ကိုဆုပ်ကိုင်လျက်
သားလဲကျသေဆုံးနေတဲ့လူစိမ်းဖြစ်သူကိုတွေ့ရပါတယ်။
ရွာသူကြီး။ ။ သြော် . . သူလည်းအခြားသူတွေလိုပါပဲလား . . . . .
ပြေးလည်းပြေး နားလည်းနားပေါ့နော် . . . လိုအင်တွေပြည့်စုံကြပါစေ
Friday, November 28, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment